သင်ကြားမှုပုံစံကို ကြားကာလဖြစ်တဲ့ အတွက်၊ LMS based နှင့် Live Lectures များနဲ့ ဖွဲစည်းထားပါတယ်။
ပုံမှာပြထားတာလေးတွေ ရှင်းပြပါ့မယ်။
(Foundation Year ကျောင်းသားကျောင်းသူတွေကတော့ ၃လ အကြာ Week 10 အပြီးမှာ Semester End Test ရှိပါမယ်။ ပြီးရင် Principle Bloc (second semester) စပြီး ဆေးပညာကို စသင်ရပါမယ်။)
1. Check course descriptions
ဘာသာရပ်တိုင်းမှာ course description ရှိပါတယ်။
ကျောင်းသားကျောင်းသူများ အဲ့တာကို Check ဖိုလိုပါမယ်။ စာမေးပွဲတွေ ဘယ်တော့ရှိမှာလဲ နဲ့ အမှတ်တွေကို ဘယ်လိုစုဖို လိုမလဲဆိုတာ အကြမ်းဖျင်းသိရမှာ ဖြစ်ပါတယ်။ Please do check them !!!!!
2. Weekly Study
အပတ်တိုင်း လက်ချာလိုက်ပြီး စာလုပ်ပါနော်။
Academic Year ကို week နဲ့ ဖွဲစည်းထားတာများပါတယ်။ အပတ်စဉ် Monday တိုင်း study week အသစ်စတယ်လို သတ်မှတ်ပါတယ်။ ဒီအတိုင်း ကိုယ့်ယူရမယ့် ဘာသာရပ်အလိုက် LMS မှာ အပတ်စဉ်လေ့လာရမှာ ဖြစ်ပါတယ်။
3. Self-study plan
IUC နဲ့ ပညာရေးဘုတ်အဖွဲက ဆရာဆရာမတွေက ကျောင်းသူကျောင်းသားတွေကို Live lecture များကလွဲရင်
Study time ကို Self - Management လုပ်ဖို ခွင့်ပြုထားပါတယ်။ အလုပ်တဖက်နဲ့ သင်ရမယ့် သူတွေလည်း အဆင်ပြေတာပေါ့။ ဒါပေမယ့် ကိုယ်ပိုင် စာလုပ်မယ့် အချိန် သတ်သတ်မှတ်မှတ်ထားဖို အကြံပြုထားပါတယ်။ Live Lectures များကိုတော့ join ပေးဖိုလိုပါမယ်။
4. Take breaks
စာကြီးပဲ တချိန်လုံး လုပ်မနေပါနဲ့။ အလုပ်တဖက်၊ အခြားသော အကျိုးပြုကိစ္စတွေလုပ်နေကြတာဖြစ်တဲ့ အတွက် အနားယူသင့်တဲ့ အချိန်မှာ နားပါ။ စာလည်း လုပ်ပါပေါ့။
5. METs
အနည်းဆုံး 10 weeks ပြီးရင် စာမေးပွဲလေးတွေရှိပါတယ်။ ဒါတွေအတွက် ကြိုပြီး ပြင်ဆင်ထားဖို ဖြစ်ပါတယ်။
ကဲ အားလုံးပဲ Good Luck ပါ!!!
လိုတာရှိရင် LMS ကပဲ ဖြစ်ဖြစ်၊ Telegram ရော Email ကနေပါ ရုံးကို ဆက်သွယ်ပါ။ စိတ်လည်း ရှည်ပေးကြပါနော်။
ကျေးဇူးပါ။