ဆေးတက္ကသိုလ် - ၂ ရန်ကုန်
ပညာရေးဘုတ်အဖွဲ့
University of Medicine – 2
Academic Board
UM2 IUC 2023 ခုနှစ် နောက်ဆုံးနှစ် အပိုင်း (ခ) ကျောင်းသူကျောင်းသားများ သိသာစေရန်
၁။ 2023 ခုနှစ်မှ စ၍ သက်ဆိုင်ရာ ဘာသာရပ်များ အလိုက် Module End Test စာမေးပွဲများ ဖြေဆိုပြီးသော ကျောင်းသူကျောင်းသားများအတွက် ကျန်ရှိသေးသော Module End Test နှင့် Course Completion Exams များကို အောက်ပါ အတိုင်း ကြေညာအပ်သည်။
Obstetrics and Gynaecology MET 4 - March 18 to March 24/ 2024
Medicine MET 3 (ဖြေဆိုရန် ကျန်ရှိသူများအတွက်) - March 25 to March 29 / 2024
Medicine MET 4 (ဖြေဆိုရန် ကျန်ရှိသူများအတွက်) - ထပ်မံကြေညာမည်။
Course Completion Exam များ
၂။ Medicine, Surgery, Pediatrics နှင့် Obstetrics and Gynaecology Course Completion Exams များကို ၂၀၂၄ ခုနှစ် ဧပြီလ လဆန်း တွင် စစ်ဆေးသွားရန် လျာထားပါသဖြင့် ကျောင်းသားကျောင်းသူများမှ ကြိုတင်လေ့လာ ပြင်ဆင်ထား ကြပါရန် အသိပေးအပ်ပါသည်။ (Medicine CCE ဖြေဆိုပြီးဆုံးထားသူများ ထပ်မံဖြေဆိုရန် မလိုပါ။
၃။ သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျောင်းသားကျောင်းသူများကိုသာ CCE ဖြေဆိုခွင့် ပြုမည် ဖြစ်ပြီး ဖြေဆိုမည့် ကျောင်းသားစာရင်းကို ကြိုတင်ကောက်ခံသွားမည် ဖြစ်ပါသည်။ ( CCE ဖြေဆိုခွင့် သတ်မှတ်ချက် အတွက် ဘာသာရပ်များ၏ Course Information များ တွင် ဖော်ပြထားပါသည်။ )
၄။ CCE ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသူကျောင်းသားများကို သီအိုရီပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနိုင်ရန် စီစဥ်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။
ဌာနများကိုယ်စား
(ပညာရေးဘုတ်အဖွဲ့ရုံး)
ဖြန့်ဝေခြင်း
၁။ ကြေငြာ
၂။ ယာယီတက္ကသိုလ်ကောင်စီ
၃။ နည်းပညာဌာန
၄။ အတွင်းရေးမှူးများအဖွဲ့