ဆေးတက္ကသိုလ် (၂) ယာယီတက္ကသိုလ်ကောင်စီနှင့် Yangon Medical Network တို့ပူးပေါင်း၍ Point-of-Care Ultrasound (POCUS) Course သင်တန်း ဖွင့်လှစ်သင်ကြားသွားရန်ရှိပါသည်။
ဤ Course သည် ဆေးတက္ကသိုလ် (၂) Final Part 2 M.B., B.S. ကျောင်းသားကျောင်းသူများ၊ 2020 House Surgeon Internship ပြီးစီးထားသူဆရာဝန်သစ်လွင်များနှင့် တော်လှန်ရေးအတွင်း ရှေ့တန်းဒေသများတွင် Frontline ကူညီလျှက်ရှိသော ဆေးကျောင်းသားဆေးကျောင်းသူဆရာဝန်များအတွက် အဓိကရည်ရွယ်ပါသည်။
ဤ Course ကို Batch အလိုက်ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး Batch တစ်ခုစီတွင် တက်ရောက်သူ ဦးရေ (၃၀) ကန့်သတ်ထားပါသည်။
ယခု ပထမ Batch အတွက် Registration ကို ယနေ့မှ စတင်၍ March 2 ရက်နေ့ (ကြာသပတေးနေ့) အထိ လက်ခံမည်ဖြစ်ပြီး March 6 ရက်နေ့ (တင်္နလာနေ့) တွင် Course ကို စတင်သွားမည်ဖြစ်သည်။
တက်ရောက်လိုသူများအနေဖြင့် အောက်ပါ Form မှတဆင့် စာရင်းပေးသွင်းနိုင်ပါသည်။
https://forms.gle/AE92vW7cgfEXmcLY9
Course Schedule မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Week | Main Topic |
---|---|
Week 0 | Enrollment |
Course synopsis & reading list (pdf) | |
Week 1 | PoCUS introduction and FAST |
FAST and E-FAST | |
Week 2 | Solid organ injuries |
Acute abdominal pain - 1 | |
Week 3 | Acute abdominal pain - 2 |
Week 4 | Completion assessment & Survey |