ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက CDM ကျောင်းသားများအတွက် အာမခံချက်နှင့်ပတ်သက်သည့် စစ်တမ်းကောက်ယူလျှက်ရှိပါသည်။
https://forms.gle/b5krY15xvXq79dzk7
ယခု သုသေတနမေးခွန်းလွှာသည် "နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ" တွင် တင်သွင်းမည့် စာတမ်းငယ်အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှုဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ကောက်ယူသော စစ်တမ်းဖြစ်ပါသည်။ ယခုစာတမ်း၏ ကနဦးသုတေသနရလဒ်များကို "နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍညီလာခံ" တွင် တင်ပြမည်ဖြစ်ပြီး အကြံပြုချက်ရယူကာ "နွေဦးတော်လှန်ရေးတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက် ပညာသင်ယူနိုင်ရေး အစီအစဉ်များ ဖော်ထုတ်ခြင်းအလုပ်ရုံဆွေးနွေးပွဲ" တွင် ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲရလဒ်ကို JCC-Education ထံသို့ ပို့ဆောင်ကာ မူဝါဒများချမှတ်နိုင်ရန် အကြံပြုတင်ပြပေးသွားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ CDM ကျောင်းသား/သူများ (၁၈.၄.၂၀၂၃၊ မြန်မာစံတော်ချိန်ည ၁၂ နာရီနောက်ဆုံးထား) ကူညီဖြေဆိုပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။ သင်၏ အဖြေများသည် ကျွန်ုပ်တို့အတွက် အလွန်အဖိုးတန်ပြီး ဖြေဆိုပေးသည့်အတွက်တစ်ဦးချင်းစီအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါသည်။